ဘူးသီးတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီ လက်နက်ချခဲ့ကြောင်း AA ထုတ်ပြန်

Описание к видео ဘူးသီးတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီ လက်နက်ချခဲ့ကြောင်း AA ထုတ်ပြန်

ဘူးသီးတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီ လက်နက်ချခဲ့ကြောင်း AA ထုတ်ပြန်
……..
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၅)မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ယခုလ ၄ရက်နေ့တွင် လက်နက်ချအညံ့ခံခဲ့ကြောင်း အာရက္ခတပ်တော် AA က ယနေ့ထုတ်ပြန်လိုက်သည်။

စကခ ၁၅ ဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့ကြခြင်း ဖြစ်သည်ဟု AA က ဆိုသည်။ AA ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်အရ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင် အရေအတွက်မှာ လူရာနှင့်ချီ များပြားသည်ကို တွေ့ရသည်။

ဘူးသီးတောင်မြို့အတွင်းရှိ စစ်ကောင်စီလက်ကျန်စခန်းအားလုံးကိုလည်း တစ်ခုမကျန် ဆက်လက်ချေမှုန်း တိုက်ခိုက်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် အရေးပါသည့် အခြေစိုက်စစ်ဗျူဟာများ၊ တပ်ရင်းများ၊ တပ်စခန်းကြီးများ အများအပြား လက်လွတ်ဆုံးရှုံးလာရသည့် ယခုအခြေအနေသည် မြန်မာစစ်တပ်သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။

Комментарии

Информация по комментариям в разработке