မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို AA အပြည့်အဝထိန်းချုပ်နိုင်ဖို့ နီးစပ်ပြီ

Описание к видео မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို AA အပြည့်အဝထိန်းချုပ်နိုင်ဖို့ နီးစပ်ပြီ

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို AA အပြည့်အဝထိန်းချုပ်နိုင်ဖို့ နီးစပ်ပြီ
-----
မြန်မာနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ အာရက္ခတပ် AA ဟာ အဓိကျတဲ့ စစ်စခန်းတွေကို သိမ်းပိုက်ပြီးတဲ့နောက်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ပိုမိုနီးစပ်လာပြီ ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောနဲ့ ဘူးသီးတောင်တို့ဟာ ကီလိုမီတာ ၂၇၀ ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးအနီးက ဗျူဟာမြောက်မြို့တွေ ဖြစ်ကြပါတယ်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်အထိ စီးဆင်းတဲ့ ကုလားတန်ကြောင်းတစ်လျှောက် တည်ရှိတဲ့ ပလက်ဝမြို.ဟာ အခုနှစ်ဆန်းကတည်းက AA ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်ခဲ့ပါတယ်။

မကြာခင်က မောင်တောနဲ့ ဘူးသီးတောင်မြို့မှာရှိတဲ့ စစ်တပ်စခန်းကြီးတွေကို AA က သိမ်းပိုက်ထားခဲ့ပြီး လက်ကျန် စစ်ကောင်စီ စခန်းတွေကိုလည်း မကြာခင် ရက်သတ္တပတ်အတွင်းမှာ သိမ်းနိုင်မယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်။

လက်ကျန်စခန်းတွေကို AA ကရသွားပြီဆိုရင် AA ဟာ ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်တစ်လျှောက်ကို နှစ်နိုင်ငံနယ်နိမိတ်ကို အပြည့်အဝထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ကုန်စည်တွေ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်မှာဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ထားမှုတွေကို ဖြေလျော့နိုင်လိမ့်မယ်လို့
AA ရဲ့ နိုင်ငံရေးမူဝါဒပိုင်းနဲ့ ဆက်စပ်မှုရှိသူ၊ ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

Комментарии

Информация по комментариям в разработке