ဒုဗိုလ်မှူးကြီး သေဆုံးသည့် စဉ့်ကူးတိုက်ပွဲ တော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်

Описание к видео ဒုဗိုလ်မှူးကြီး သေဆုံးသည့် စဉ့်ကူးတိုက်ပွဲ တော်လှန်ရေးတပ်ဖွဲ့ ထုတ်ပြန်

စဉ့်ကူးတိုက်ပွဲတွင် ဒုဗိုလ်မှူးကြီး သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံး၊ လက်နက်ချ
---------
ပြီးခဲ့သည့် တနင်္ဂနွေနေ့(ဧပြီ၂၈) ဖြစ်ပွားခဲ့သည့် စဉ့်ကူးမြို့ ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီဒုဗိုလ်မှူးကြီးအပါအဝင် ၁၁ ဦးသေဆုံး၊ ၁၅ ဦးကိုအရှင်မိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။

အသေဖမ်းမိသည့် စစ်ကောင်စီအရာရှိမှာတတက(၁၃) အုပ်ချုပ်မှုဌာန ဌာနမှုး ဒုတိယဗိုလ်မှုးကြီး တင်ကိုဖြစ်ပြီး တေဇ ၂၈ စစ်အရာရှိသင်တန်းဆင်းဟုလည်း ထိုထုတ်ပြန်ချက်ကဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက "ဟေ့ကောင်တွေ....လက်နက်ချပါ၊ မင်းတို့မှာ မိသားစုတွေ ရှိတယ်။ မင်းတို့မိသားစုတွေ စောင်နေတယ်...ယောက်ဖတို့ရေ" စသဖြင့် အော်ဟစ်စည်းရုံးနေသည်ကို ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်ထဲတွင် တွေ့ရသည်။

စစ်ကောင်စီတပ်သား (၁၅) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် (၁၉) လက် ၊ ၆၀ မမ စိန်ပြောင်း (၁)လက် အပါအဝင် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည် ဟု တော်လှန်ရေးတပ်ဖွဲ့ကဆိုသည်။

Комментарии

Информация по комментариям в разработке