သုံးရက်တိုင်တိုင် အလောင်းကောက်နေရဆဲ ပဇီကြီးရွာ မြေပြင်မြင်ကွင်း

Описание к видео သုံးရက်တိုင်တိုင် အလောင်းကောက်နေရဆဲ ပဇီကြီးရွာ မြေပြင်မြင်ကွင်း

သုံးရက်တိုင်တိုင် အလောင်းကောက်နေရဆဲ ပဇီကြီးရွာ မြေပြင်မြင်ကွင်း
---------------

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ ယနေ့ (ဧပြီ ၁၃) အထိ ရုပ်အလောင်းများ ကောက်ယူရှင်းလင်းနေဆဲ ဖြစ်သည်။

လွန်ခဲ့သည့်နှစ်ရက် (ဧပြီ ၁၁) က ရွာအပြင်ဘက် တစ်နေရာ၌ ရာနှင့်ချီသော ရွာခံများ စုဝေးနေစဉ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲပြီးနောက် ရဟတ်ယာဉ်ဖြင့် အနီးကပ်လိုက်လံပစ် ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ညနေပိုင်းတွင် အလောင်းကောက်နေသူများကို တိုက်လေယာဉ်ဖြင့် နောက်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသော ရုပ်အလောင်းများနှင့် ခန္ဓာကိုယ်အပိုင်းအစများကို သုံးရက်တိုင် လိုက်လံကောက် ယူ ခဲ့ရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၆၅ဦး သေဆုံးပြီး ထိုအထဲတွင် အမျိုးသမီး ၂၇ဦး ပါဝင်ကြောင်းနှင့် သေဆုံးသူဦးရေ ယခုထက် ပိုများနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

မေးမြန်း၊ တင်ဆက် - မောင်ရွှေဝါ၊ ဟန်သစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe... နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Комментарии

Информация по комментариям в разработке